သမ္မတကြီးသို့ ပေးစာ
ဒီမိုကရေစီ နှင့် လူ့အခွင့်ရေးပါတီ
Democracy and Human Rights Party
(DHRP)
သို့
ဦးသိန်းစိန်
နိုင်ငံတော်သမ္မတကြီး
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နေပြည်တော်။
စာအမှတ်။
ပါတီဝင်အဖြစ်လက်ခံရန် သတ်မှတ်သောရည်ရွယ်ချက်များ
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ(D.H.R.P) ၏ပါတီဝင်များအဖြစ် လက်ခံခြင်းကိုအောက်ပါအတိုက်သတ်မှတ်သည်။
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားများ ဖြစ်ကြသော စီစစ်ရေးကဒ်ပြား၊ အမျိုးသားမှတ်ပုံတင် ကဒ်ပြား၊ဧည့်နိုင်ငံသားကဒ်ပြား၊နိုင်ငံသားပြုကဒ်ပြား၊ယာယီသက်သေခံ လက်မှတ် တစ်ခုခုကိုကိုင်ဆောင်သူဖြစ်ရမည်။
(ခ) ပါတီ၏ ပါတီဝင်ပုံစံဖြင့်လျှောက်ထားပြီးသူများကို ပါတီ၏ စည်းမျဉ်းစည်းကမ်း၊နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေ/နည်းဥပဒေများနှင့် အညီစီစစ်ပြီးလက်ခံမည်။
ပါတီဝင်များလိုက်နာရန်အောက်ပါစည်းကမ်းချက်များကို ပြဌာန်းသည်။
ပါတီ၏ ရည်ရွယ်ချက် ၊ ခံယူချက်နှင့် လုပ်ငန်းစဉ်များ ပြင်ဆင်ခြင်း၊ဖြည့်စွက်ခြင်း၊ပယ်ဖျက်ခြင်း
၁။ ဤဖွဲ့စည်းပုံပါနိုင်ငံရေးသဘောထားနှင့် လုပ်ငန်းစဉ်များကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ပယ်ပျက်ခြင်းပြုလုပ်လိုလျှင် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံတွင် ဗဟိုကော်မတီ၏ ၆၅ ရာခိုင်နှုန်းဆန္ဒမဲ့ဖြင့်ပြုလုပ်နိုင်သည်။
၂။ အရေးကြီးသောအခြေအနေ၊ အကြောင်းအရာပေါ်ပေါက်လာပါက ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၆၅ ရာခိုင်နှုန်း၏ ဆန္ဒမဲဖြင့်နိုင်ငံရေးသဘောထားနှင့် လုပ်ငန်းစဉ်များကို ပြင်ဆင်ခြင်း ၊ပယ်ဖျက်၊ဖြည့်စွက်ခြင်း တို့ကို ပြုလုပ်နိုင်သည်။
၃။ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၏ ပြင်ဆင်၊ပယ်ဖျက်၊ဖြည့်စွက်ခြင်းကို အနည်းစပ်ဆုံးပါတီညီလာခံတွင် တင်ပြပြီး အတည်ပြုချက်ရယူရမည်။
တာဝန်များ
၁။ ပါတီစည်းမျဉ်းစည်းကမ်းနှင့် သက်ဆိုင်သောလုပ်ထုံးလုပ်နည်းများကို ဗဟိုအလုပ်အမှုဆောင်ကော်မတီက ရေးဆွဲ ပြဌာန်းနိုင်သည်။
၂။ ပါတီအဖွဲ့စည်းပုံအဆင့်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ဗဟိုအလုပ်အမှုဆောင်ကော်မတီက ရေးဆွဲ ပြဌာန်းနိုင်သည်။
၃။ ဗဟိုရေးရာအဖွဲ့ အသီးသီး၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ဗဟိုအလုပ်အမှုဆောင်ကော်မတီက ရေးဆွဲ ပြဌာန်းနိုင်သည်။ ရေးရာ ကော်မတီဝင်များတို့သည် CEC ကိုတာဝန်ခံရမည်အပတ်စဉ်၊ လစဉ်တာဝန်ယူ ဆောင်ရွက်ချက်များကိုCEC သို့တင်ပြအစီရင်ခံရမည်။
နိုင်ငံလုံးဆိုင်ရာ ညီလာခံနှင့် အစည်းအဝေးများ
၁။ နိုင်ငံလုံးဆိုင်ရာညီလာခံကို
(က) နိုင်ငံလုံးဆိုင်ရာညီလာခံကို(၂)နှစ်လျှင် တစ်ကြိမ်ကျင်းပရမည်။အခြေအနေမပေးပါအနည်းဆုံးလွှတ်တော်အသစ်မရွေးခင် ညီလာခံကျင်းပရမည်။
(ခ) နိုင်ငံလုံးဆိုင်ရာညီလာခံကို ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဗဟိုကော်မတီဝင်များ ၊ပြည်နယ်/တိုင်းဒေသကြီး ကိုယ်စားလှယ်အနည်းဆုံးတစ်ဦးစီ ၊ခရိုင်ကိုယ်စားလှယ်အနည်းဆုံးတစ်ဦး၊မြို့နယ်ကိုယ်စားလှယ်အနည်းဆုံးတစ်ဦး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဗဟိုနာယကအဖွဲ့ဝင်များ ပါဝင်လျက်ကျင်းပရမည်။
(ဂ) ညီလာခံကို ဗဟိုအလုပ်အမှုဆောင်ကော်မတီက ခေါ်ယူကျင်းပရမည်။